Published 1 August 2021

နစက က ခန့်အပ်ထားတဲ့ တိုင်းဒေသကြီးအချို့ကကောင်စီဥက္ကဋ္ဌ၃ ဦးကို တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို့ ဒီကနေ့မှာထုတ်ပြန်လိုက်သလို ဝန်ကြီးဌာနအချို့ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစက က ဒီကနေ့ဩဂုတ်လ ၁ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

နစက ကခန့်အပ်ထားတဲ့ စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်းနဲ့ဧရာဝတီတိုင်းဒေသကြီးက ကောင်စီဥက္ကဋ္ဌတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉အရတာဝန်မှ အနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ နစကရဲ့
ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန ၁ နဲ့ ၂အဖြစ်ပြောင်းလဲလိုက်ပြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကိုလည်းအလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်းသိရသည်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုလည်း
ကျန်းမာရေးဝန်ကြီးဌာနနဲ့ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာနတွေ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။
နစကအာဏာယူတဲ့ခြောက်လပြည့်မြောက်တဲ့အချိန်မှာ ယခုလို ပြောင်းလဲမှုအချို့ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။