၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့က ဖွဲ့စည်းထားသော နစကကောင်စီ ၊ စီမံခန့်ခွဲရေးကော်မတီကို ယနေ့ဩဂုတ်လ၁ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစက က ယနေ့တွင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အိမ်စောင့်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် နစကဥက္ကဋ္ဌက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ၊ ဒုတိယဝန်ကြီးချုပ်အဖြစ် နစက၏ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ ပါဝင်မယ်လို့သိရပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့များကိုလည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်လိုက်ပြီး အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ဥပဒေချုပ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးမှာ စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းဝန်ကြီးဌာန၏ ဝန်ကြီးမှာ မြို့တော်ဝန်ဖြစ်ကြောင်း သိရပါတယ်။