#LocalNews
Published - 21 Feb 2022

 

ညောင်သုံးပင်ဆရာတော်ကြီး၏ ကြွင်းကျန်ရုပ်ကလပ်အား မိုးကုတ်မြို့ရှိ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်တွင် အပူဇော်ခံထားရှိတယ်လို့ သိရပါတယ်။

 

ညောင်သုံးပင်ဆရာတော်ကြီး၏ ကြွင်းကျန်သော ရုပ်ကလပ်ကို MAI စင်းလုံးငှါးလေယာဉ်ဖြင့် ယခု ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဆရာတော်ကြီး၏ ကြွင်းကျန်သောရုပ်ကလပ်တော်ကို မိုးကုတ်မြို့မှာ ယခုဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ အပူဇော်ခံထားရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

မိုးကုတ်မြို့၊ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ သက်တော်(၅၉)နှစ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အသဲ ရောဂါကြောင့် ဆေးကုသမှုခံယူနေစဥ် ယခုဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက် (၁၂ နာရီ ၅၄ မိနစ်)အချိန်တွင် ဘဝနတ်ထံ
ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။

 

ဆရာတော်ကြီး၏ အန္တိမဈပနကို ကျင်းပပူဇော်သွားမည့် အစီစဉ်အသေးစိတ်ကိုလည်း ထပ်မံအသိပေးကြေညာသွားမယ်လို့ ဆရာတော်ကြီး၏ ဒါယိကာ၊ ဒါယိကာမများထံမှ သိရပါတယ်။

 

ymg/kg
#Yangon_Media_Group