Published 20 February 2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်း၊ မြန်မာ့ဦးဆောင်မှုတို့နှင့်အညီ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံနှင့်လည်း အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစကနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၇ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ သီးသန့်အစည်းအဝေးနှင့်ပတ်သက်လို့ သဘောထားတစ်ရပ်ကို ယနေ့ သတင်းထုတ်ပြန်ခဲ့ရာမှာ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်အပြည့်အစုံကိုပူးတွဲဖော်ပြပါတယ်။