#LocalNews
Published- 20 Feb 2022


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေး၊ ဒုတိယအထပ်တွင် ယနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်ကစတင်ကာ မီးလောင်မှု ဖြစ်ပွား တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရဖေဖော်ဝါရီလ၂၀ရက်နေ့၊ ည၇နာရီ ၉မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကာ၇နာရီမိနစ်၂၀အချိန်တွင် မီးထိန်းခဲ့ကာ ၇နာရီ၂၇မိနစ် အချိန်တွင် မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

"မီးက ခဏပဲ မီးသတ်ကားတွေ ငြှိမ်းလိုက်နိုင်တော့ ငြိမ်းသွားပါပြီ။ ဝါယာရှော့ခ်လို့လည်း ပြောသံကြားတယ်။ သေချာတော့ မသိသေးဘူး" လို့ အနီးပတ်ဝန်းကျင်နေထိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာမီးလောင်မှုကိုစုံစမ်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ကသိရပါတယ်။
ymg/hm
#Yangon_Media_Group