#LocalNews
Published - 19 Feb 2022

 

မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်တွင် ထားရှိကိုးကွယ်မည့် နဂါး(၃)ကောင် နဂါးရုံဘုရား
စကျင်ကျောက်တော်ကြီးသည် ( ဖေဖော်ဝါရီလ ၁၈ ရက်) နေ့က မော်လမြိုင်မြို့သို့ အဆင်ပြေချောမွေ့စွာဖြင့် ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

နဂါးရုံဘုရား ထုဆစ်ပူဇော်မည့် စကျင်ကျောက်တုံးကြီးအား မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်၊ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း (ကိုလှထွန်းငရုပ်သီးမှုန့်လုပ်ငန်း)သားသမီး မြေးများ၊ အကျိုးတော်ဆောင်များ၊ မွန်ပြည်နယ်ကြက်ခြေနီကော်မတီဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့် ဒကာဒကာမများမှ မတ္တရာမြို့မှ မော်လမြိုင်မြို့သို့ ပင့်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။

 

စကျင်ကျောက်တော်ကြီး ပင့်ဆောင်ရာလမ်းခရီးတစ်လျှောက်တွင် လမ်း၊ တံတား ခရီးစဉ်များအားလုံး လွယ်ကူချောမွေ့အဆင်ပြေအောင် ကူညီပေးသောသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းကိုလည်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော် အကျိုးတော်ဆောင်များအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - ZinMoe/CJ

ymg/kg
#Yangon_Media_Group