#LocalNews
Published - 18 Feb 2022
ဒီကနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်)၊ မွန်းလွဲပိုင်းအချိန်က မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် တွဲကားတစ်စီး တိမ်း မှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွဲကားကုန်တင်ယာဉ် အာရှလမ်းမကြီး၊ ကွမ်းခြံကုန်အဆင်းတွင် လမ်းချော်တိမ်း မှောက်ခဲ့တာ ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တွဲကားတိမ်း မှောက်မှု ဖြစ်ပွားရာသို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ ဖြစ်တဲ့ သဃ်န်းညီနောင်(မြို့သစ်)၊ လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ညီနောင် လူမှုကယ်ဆယ်ရေး အဖွဲ့မှ သွား ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာပါ။

ဒါ့အပြင် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ(၂)ဦးကိုလည်း မြဝတီဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ ကြောင်း အဆိုပါ လူမှုကူညီ ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - သဃ်န်းညီနောင်
(မြို့သစ်) လူမှုကယ်ဆယ်ရေးအဖွဲ့ ။

ymg/kg
#Yangon_Media_Group