#LocalNews
Published - 15 Feb 2022

 

AFF U 23 ပြိုင်ပွဲဝင်ရောက်မယ့် မြန်မာလက်ရွေးစင် ယူ ၂၃ ကစားသမားတွေအနေနဲ့ တစ်သင်းလုံးနီးပါး ကိုဗစ်ကူးစက်မှုခံနေရတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်သွားတယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဒီကနေ့မှာကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။

 

AFF U 23 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေပြီး ဒီနေ့မှာ မလေးရှားနဲ့ ရင်ဆိုင်ကစားရမယ့် မြန်မာ ယူ-၂၃ အသင်းဟာ အသင်းတွင်း ကိုဗစ်ကူးစက်မှုအများအပြားဖြစ်ပွားနေလို့ ပြိုင်ပွဲက နုတ်ထွက်ခဲ့ရတာဖြစ်ပြီး မြန်မာအသင်းမှာ ကစားသမား ၂၃ ဦး လိုက်ပါသွားခဲ့ပြီး ၅ ဦးသာ ကြံ့ခိုင်မှုကောင်းမွန်နေကာ ကျန်ကစားသမားတွေက ကိုဗစ်ကူးစက်ခံထားရပြီး ရောဂါလက္ခဏာတွေ ပြသနေတယ်လို့ သိရပါတယ်။

 

ကျန်းမာရေးပြဿနာတွေ ဆိုးရွားစွာရင်ဆိုင်နေရတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာလို့သိရပြီး ဒီအကြောင်းကို နည်းပြပိုပေါ့ဗ်ကလည်း သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးပြောဆိုထားပါတယ်။

 

မြန်မာအသင်းဟာ အုပ်စု (ခ)မှာ ကျရောက်နေတာဖြစ်ပြီး မလေးရှား၊ လာအို၊ အင်ဒိုနီးရှားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group