#LocalNews
Published - 7 Feb 2022

 

ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၆)ဦးအား တွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့သံသယလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ဒလမြို့နယ်အတွင်းမှာ ယခုလို ရောဂါပိုးရှိသူများကို တွေ့ရှိခဲ့သည့်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဒလမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ
ပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေရတာပါ။

 

ဒါ့အပြင် အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သားပြည်သူများ၊ ဒေသခံပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများပေးဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုလည်း ဒလသင်္ဘောဆိပ်ကမ်း၊ မြို့လယ်ကောင်နာရီစင်နှင့် ကမာကဆစ်ဈေးတိုတွင် ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်းအခုရေ (၁,၅၀၀)တို့ကိုလည်း ယနေ့တွင် ပေးဝေခဲ့တယ်လို့ သိရပါတယ်။

 

ထို့အပြင် ယခုကာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနှင့် အိုမီခရွန်ရောဂါပိုး ကူးစက်တွေလည်းရှိနေသည့်အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံကြဖိုကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ရှိထားပါတယ်။

 

ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၇,၉၀၁ ဦးအထိ ရှိပြီလည်း ဖြစ်ပါတယ်။

 

ဓါတ်ပုံ - ဒလမြို့နယ် ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ

ymg/kg
#Yangon_Media_Group