#LocalNews
Published - 7 Feb 2022

 

ဒီကနေ့( ဖေဖော်ဝါရီ ၇ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်က မြဝတီအာရှလမ်းတွင် အိမ်စီးယာဥ်တစ်စီးအရှိန်လွန်
တိမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။

 

"ယာဉ်မောင်းက ဦးခေါင်းမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်၊ စိုးရိမ်ရပေါ့။ သူက မြဝတီမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ အခု သူ့မိသားစုနဲ့လည်း အဆက်အသွယ်ရပါပြီ။"လို့ ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ မော်တော်ယာဥ်ဟာ အာရှလမ်း၊ ချောင်းတောင်ကွင်းဘုန်းကြီးလမ်းနှင့် မွေးဇုံတံတားကြား မြဝတီမှဆင်းလာတဲ့ မတ်တူးယာဥ်ဖြစ်ပြီး ယင်းနေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ယာဥ်မောင်းများအနေနဲ့ မော်တော်ယာဥ်များကို ဖြေးဖြေးမောင်းနှင်ပြီး လိုရာခရီးကိုသွားလာကြဖို့
ဒေသခံလူမှုကူညီရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားပါတယ်။

 

ဓါတ်ပုံ - Ko Htaik
ymg/kg
#Yangon_Media_Group