#LocalNews

Published - 5 Feb 2022

ယနေ့( ဖေ ဖော်ဝါရီလ ၅ ရက် နေ့)အထိ ရောဂါပိုးကင်းစင်သူ(၃၂)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ယနေ့တွင် တမူးမြို့ အ.ထ.က(၂)၌ ထားရှိသောကိုဗစ်ပိုးတွေ့လူနာ(၆)ဦးအား သတ်မှတ်ရက်ပြည့်မြောက်ပြီးရောဂါပိုးမတွေ့ ရှိတော့သဖြင့် နေအိမ်သိုပြန်လည်စေလွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယမန်နေ့ကလည်း တမူးပြည်သူ့ဆေးရုံမှ ကျား/မ(၆)ဦး ၊အ .ထ .က(၂)မှ ကျား/မ(၁၆)ဦး၊ စုစုပေါင်း(၂၂)ဦးဆေးရုံဆင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

တမူးမြို့တွင် ယခုကူးစက်ခံနေရသော ကိုဗစ် ရောဂါပိုးမှာ ကူးစက်မှုမြန်သော်လည်း ကူးစက်ခံရသောလူနာများမှာ ကျန်းမာရေးအတွက် စိုးရိမ်စရာမတွေ့ရပါဘဲ အားလုံးကျန်းမာစွာရှိနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ တမူးမြို့ တွင်(ဇန်နဝါရီလ ၂၄ ရက် နေ့)တစ်ရက်ထဲမှာပင် ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးကို စတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အဲ့ဒီလိုတွေ့ ရှိပြီး နောက်ပိုင်း ၄ ရက်အကြာ(ဇန်နဝါရီလ ၂၇ ရက် နေ့)မှာ ကိုဗစ်အတည်ပြု လူနာသစ် ၂၄ ဦး၊ (ဇန်နဝါရီလ ၂၈ ရက် နေ့)တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ နှင့် (ဇန်နဝါရီလ ၃၀ ရက် နေ့)တွင် ကိုဗစ်အတည်ပြု လူနာသစ် ၂၉ ဦးတို့ကို ထပ်မံ တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယခုဖေဖော်ဝါရီလ ၁ ရက် နေ့မှာ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ(၆)ဦးကို ထပ်မံတွေ့ ရှိခဲ့ရတာပါ။

ဒါကြောင့် တမူးမြို့တွင် ရောဂါပိုးကူးစက်ခံရပြီးဆေးကုသမှုခံယူနေဆဲ လူနာစုစုပေါင်း(၂၅၉)ဦး အထိ ရှိ နေခဲ့တာဖြစ်ပြီး ယနေ့အထိတော့ ရောဂါပိုးကင်းစင်ပြီဖြစ် တဲ့ ကိုဗစ်လူနာ(၃၂)ဦးက ဆေးရုံဆင်းခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group