#LocalNews
Published - 4 Feb 2022
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့တွင် အိုမီခရွန်လူနာ အများအပြားတွေ့ရသော်လည်း ယနေ့အထိ ရောဂါလက္ခဏာပြင်းထန်သူမရှိသေးဘူးလို့ ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ကျန်းမာ ရေးဌာနက တမူးနှင့် ကလေးမြို့ ရှိ ကိုဗစ်သံသယလူနာများအား စစ် ဆေးမှု တွေ ပြုလုပ်ခဲ့ရာမှ အခုလို ကိုဗစ်ဓါတ်ခွဲအတည်ပြုလူနာ အများအပြားကို တွေ့ ရှိခဲ့ရခြင်းဖြစ်ပြီး ၄င်းတို့ထဲမှ အိုမီခရွန် ရောဂါပိုးရှိသူများကိုလည်း တွေ့ ခဲ့ရခြင်း ဖြစ်ပါတယ်။

"ကလေးမြို့ ပေါ်မှာ အိုမီခရွန်က ၂၀ လောက် တွေ့တယ် ။ ထပ်တွေ့တယ်လို့တော့ အခုထိ မကြားမိသေးပါဘူး။အိုမီခရွန်လူနာ တွေကိုလည်း ဆေးရုံမှာ ဆက်လက်ပြီး တော့ သူတို့က ဆေးဝါးကုသမှု တွေကို ပြုလုပ် ပေးနေတယ်။ ပြောရရင် ကိုဗစ် တွေ့တာက တွေ့တာပေါ့ နော်။ဒါပေမဲ့ ရောဂါလက္ခဏာ ဆိုးရွားပြင်းထန်တဲ့သူတော့ ယနေ့အထိ မရှိ သေးပါဘူး။ အ သေအပျောက်လည်း မရှိပါဘူး။ မြို့ မှာ တော့ ရောဂါကာကွယ်ထိန်းချုပ် ရေး တွေကိုပဲ အဓိကထား ဆောင် နေပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီး မြို့အဝင်၊အထွက် တွေမှာ စစ်တာတို ဘာတို့ပေါ့ လေ၊ ဒါ တွေကို လုပ် နေပါတယ်။"လို့ ကလေးမြို့ ဒေသခံတစ်ဦးက ယခုလို ပြောပြခဲ့တာပါ။

ဇန်နဝါရီ ၂၈ ရက်နေ့က ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့ မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦးတို့တွင် အိုမီခရွန်ဗီဇ ပြောင်းပိုးကို တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကူးစက်မှူတွေ စတင်ရှိလာခဲ့တာပါ။

ဒါ့ ကြောင့် က လေးနဲ့ တမူးမြို့မှာရှိတဲ့ သံသယလူနာ တွေ အပါအဝင် စျေးတွေ ကျောင်း တွေမှာ ကိုဗစ်စစ်ဆေးခြင်း လုပ်ငန်းစဥ်တွေကို ကျန်းမာရေးဌာနက ဆက်လက် ဆောင်ရွက် ပေး နေတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသား အပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ ရှိထားတာဖြစ်ပါတယ်။

ymg/kg
#Yangon_Media_Group