#LocalNews
Published - 4 Feb 2022
စွန့်ပစ်ခံ ရက်သားကလေးငယ်လေးဟာ ခွေးဆွဲခံထားရသောဒဏ်ရာများဖြင့် ယနေ့ ဖေ ဖော်ဝါရီ ၄ ရက်၊ မနက် ၁ နာရီအချိန်တွင် ရန်ကင်းကလေး ဆေးရုံကြီး၌ ဆေးကုသမှုခံယူ နေစဉ်မှာပင် ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ယမန် နေ့က ခွေးများ ဆွဲထားသောဒဏ်ရာများနှင့် ရက်သား ကလေးငယ်တစ်ဦးအား ကန်တော်ကြီးအနီးမှာစွန့်ပစ်ထားကြောင်း ဒီဃာယုက လူမှုကူညီရေးအသင်းကြီးက ခိုင်နှင်းဝေ ပရဟိတဂေဟာသို့ ဆက်သွယ်အကြောင်းကြားလာမှုကြောင့် သရုပ်ဆောင် ခိုင်နှင်းဝေက သွားရောက်ခေါ် ဆောင်ပြီး ကလေးငယ်ကို ရန်ကင်းကလေး ဆေးရုံကြီး၌ ဆေးဝါးကုသမှုကို ခံယူစေခဲ့တာဖြစ်ပါတယ်။

"စိတ်မကောင်းပါဘူးကလေးရယ် ဝဠ်ကြွေးတွေရှိရင် ဒီဘဝနဲ့ပဲ ကျေအောင်ဆပ်သွားနိုင်ပါစေ။ ဘယ်ချိန်ထဲက စွန့်ပစ်ထားမှန်းမသိပဲ ခွေးများဆွဲထားသောကြောင့် ငယ်ထိပ်ပေါက်ပြဲ ၊တကိုယ်လုံး ဒဏ်ရာများနှင့်နှုတ်ခမ်းများပြာနှမ်းနေပြီး ည(၁)နာရီဝန်းကျင်ခန့်ကပဲ ဆုံးသွားပါတယ်။အစွမ်းကုန် ကုသပေးပါသော ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဒီဃာယုက လူမှုကူညီရေးအသင်းကြီးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ကလေးအတွက် သက်ပျောက်ဆွမ်းလေး ကပ်ပြီးသဂြိုလ်ပေးဖို့ အတွက် လိုအပ်တာများ စီစဉ်ဆောင်ရွက်ထားပါတယ်။"လို့ သရုပ်ဆောင်ခိုင်နှင်းဝေ ကဒီကနေ့ မနက်မှာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကနေ အသိ ပေး ရေးသားခဲ့တာပါ။

ဒါ့အပြင် မိဘတွေက က လေးငယ်များကို အခုလို စွန့်ပစ်မှုတွေ မလုပ်ကြဖို့ သရုပ်ဆောင် ခိုင်နှင်းဝေက မေတ္တာရပ်ခံထားပြီး မလိုချင်ပါက ဂေဟာများသို့ ဆက်သွယ်ပို့ဆောင်ပေးပါရန်အသိပေးချင်ပါတယ်လို့ သူမကရေးသားထားခဲ့ပါတယ်။

"အသက်ဆုံးရှုံးမှုများ မကြာခဏ တွေ့ ကြုံနေရသောကြောင့် စိတ်မကောင်းလဲ ဖြစ်မိပါတယ်ရှင်"လို့လည်း သရုပ်ဆောင် ခိုင်နှင်းဝေက ရေးသားထားခြင်းဖြစ်ပါတယ်။

ymg/kg
#Yangon_Media_Group