#LocalNews
Published -2 Feb 2020
ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်ပိုင်းကရခိုင်ပြည်နယ်ကျောက်ဖြူမြို့ ပင်လယ်ကမ်းစပ်တွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ စက်ပျက်မျောပါလာသောငါးဖမ်းလှေသောင်တင်ခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၊ NRC အအေးခန်းစက်ရုံကြီးအနီး၊ ပင်လယ်ကမ်းစပ်တွင်၊ စက်လှေတစ်စီးရေမျောကမ်းတင်နေကြောင်းသတင်းအရ ဖေဖော်ဝါရီလ၁ရက်နံနက် ပိုင်းက တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစက်လှေမှာ ဘင်္ဂလားဒေနိုင်ငံမှ စက်ပျက်ကာမျောပါလာတဲ့ ငါးဖမ်းစက်လှေဖြစ်တယ်လို့သိရပါတယ်။

အဆိုပါငါးဖမ်းစက်လှေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့မှဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့က ပင်လယ်ပြင်သို့စတင်ငါးဖမ်းထွက်ခဲ့ရာဇန်နဝါရီလ ၂၆ ရက်နေ့တွင် စက်ချို့ယွင်းမှုဖြစ် ပေါ်ကာ ရေစီးနဲ့အတူမျောပါရောက်ရှိလာခြင်းဖြစ်ကာ စက်လှေပေါ်တွင် အမျိုးသား(၆)ဦးနဲ့ ငါးဖမ်းပိုက်များ၊ ဆီဗူးများနှအပြင်ချို့ယွင်းနေသောစက်အားတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

စက်ပျက်ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေသား(၆)ဦးအား ကျန်းမာ ရေးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ လှေသား(၆)ဦးလုံးတွင် ရောဂါပိုးမတွေ့ရှိရဘူးလို့သိရပါတယ်။

အဆိုပါလှေသား (၆)ဦးကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသောက်ရေးများစီစဉ်ဆောင်ရွက်ပေးကာချို့ ယွင်းနေသောစက်အားပြန် လည်ပြုပြင်နိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

ygm/hm