#LocalNews
Published - 1 Feb 2022


ဆားအိတ်တင် ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး ချောက်အတွင်းထိုးကျတိမ်း မှောက်ရာမှ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီကနေ့ဖေဖော်ဝါရီ ၁ ရက်၊ နံနက်ပိုင်းအချိန်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဟာ စမ်းလှမ်းကျေးရွာသို့အဝင် မြင့်မိုရ်လက်ခတ်တောင်တက်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ် ပေါ်တွင် ဆားအိတ်(၄၀၀)ခန့်တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

(၁၂)ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာသို့ လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့်
ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦးအနက် အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အမျိုးသား(၂)ဦးက တော့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဒေသခံ အာယုပါလကနာရေးကူညီမှုအသင်းယာဉ်ဖြင့် လောင်းလုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo - MFSD

ymg/kg
#Yangon_Media_Group