Published 31 January 2022
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ)ဘူးရယ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးတို့ကို တာဝန်မှ အနားယူ ခွင့်ပြုလိုက်ကြောင်း နစက,က ဇန်နဝါရီ(၃၁)ရက် ယနေ့ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ယင်းလစ်လပ်သွားတဲ့ အဲဒီနေရာတွေကို အစားထိုးခန့်အပ်တဲ့ အမိန့်ကိုတော့ ယနေ့ညထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။