#LocalNews

Published - 1 Jan 2022

 

စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့ကြို ဘွဲ့လွန်သင်တန်းများ ဇန်နဝါရီ ၆ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်သင်ကြားသွားမယ်လို့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြေညာထားပါတယ်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် သင်ကြားလျက်ရှိတဲ့ ၂၀၁၉-၂၀၂၀ ပညာနှစ်နဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွေအတွက် စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)နဲ့ ဘွဲ့လွန် သင်တန်းများအားလုံး (ပထမနှစ်ဝက်)တို့ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

 

ဒ့ါအပြင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် သင်ကြားလျက်ရှိတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တိရစ္ဆာန်ဆေးပညာ ပဉ္စမနှစ်( ဒုတိယနှစ်ဝက်)၊ မွေးမြူရေးပညာ တတိယနှစ်(ဒုတိယနှစ်ဝက်) တို့ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

 

တက္ကသိုလ် နေ့သင်တန်းအချို့ ဇန်နဝါရီလ ၆ ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာကတစ်ဆင့် ကြေညာထားပါတယ်။

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွေအတွက် ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း(ပထမနှစ်ဝက်)၊ မဟာဘွဲသင်တန်း ပထမနှစ် (ပထမနှစ်ဝက်)၊ မဟာဘွဲသင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်)တို့ကို စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

 

ကျောင်းအပ်မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားနဲ့အတူ ကျောင်းသားရေးရာဌာနကို အသိပေးဖို့ ကြေညာထားပါတယ်။

 

ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကာကွယ်ဆေးထိုးနှံရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမြန်ဆုံးပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

#Yangon_Medias_Group