#LocalNews

Published - 1 Jan 2022

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သေ ာပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားတွင် ယာဉ်မောင်း စိုင်းထွန်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် လွှစာမှုန့်၊ နွားချေးအိတ်များဖြင့်ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၄၁ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။

#Yangon_Media_Group