Published 6 June 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ   သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို  ဇွန် ၆ ရက် ညနေပိုင်းတွင် ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နစက ကောင်စီဝင်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။

ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်ကြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီးအတွက် ရေစက်ချ အမျှအတမ်းပေးဝေကြပြီး သီရိလင်္ကာဝန်ကြီးချုပ်၊ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပါအဝင်  နိုင်ငံတကာနှင့် ပြည်တွင်းမှ ဘာသာ ရေး အဖွဲ့အစည်းများမှ ပေးပို့တဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေကို သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးကဖတ်ကြား  ခဲ့ကြ ပါတယ်။

ရှေးဦးစွာ နေရာ ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ  ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်  မီးပူဇော်ရန် အစီအစဉ်အလိုက်ကျင်းပလျက်ရှိနေပါတယ်။

#ymg/knl

#YangonMediaGroup

#ဗန်းမော်ဆရာတော်ဘုရားကြီး