#Local_News
Published_ 2 june 2023

(၅၁) ကြိမ်မြောက်ထီသိန်း(၅၀၀၀)ဆုကြီးကိုနေပြည်တော်ရှိအစိုးရဝန်ထမ်းတစ်ဦးကံထူးသွားသည်ဟု ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှသိရသည်။

နေပြည်တော်တွင် ဖွင့်လှစ်ထားသည့်ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှာနှစ်စောင်တွဲ ထီလက်မှတ်လေးလာရောက်ထိုးရင်းကံထူးသွားခြင်းဖြစ်သည်၊၊

ဒါနှင့်ပတ်သက်၍ ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှတာဝန်ရှိသူတစ်ဦးကYMGကိုအခုလိုပြောပြထားသည်၊၊
"ကျွန်တော်တို့ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှထီသိန်း(၅၀၀၀)ဆုကြီးကိုနေပြည်တော်ရှိဝန်ထမ်းတစ်ဦးကံထူးသွားတယ်ဆိုတာဟုတ်ပါတယ်၊၊စာရင်းစစ်ရုံးမှဝန်ထမ်းတစ်ဦးလို့တော့သိရပါတယ်"ဟုပြောသည်၊၊

(၅၁) ကြိမ်မြောက် ထီဖွင့်ပွဲတွင်နေပြည်တော် ဆုလာဘ်ပိုင်နှင့် ထီမင်းထီးမင်းထီဆိုင်လေးမှ ထူးထူးခြားခြားကျပ် သိန်း (၅၀၀၀)အထူးဆုကြီးကို (၁)ဆု ကို ကနဦးဆွတ်ခူး​ပေးလိုက်နိုင်ခဲ့သလို (၁၅)ကြိမ်မြောက် ထီဖွင့်ပွဲမှာ သိန်း (၁၅၀၀၀) မှစပြီး အခြားဆုကြီးများ သိန်းပေါင်းများစွာ ကံထူးဆွတ်ခူးပေးခဲ့ပြီဖြစ်သည်ဟုဆိုသည်၊၊

(၅၁) ကြိမ်မြောက် ထီဖွင့်ပွဲတွင် စ ၅၀၇၀၇၆ဖြင့် ကံထူးသွားခြင်းဖြစ်ပြီး အမြင့်ဆုံးထီအထူးဆုကြီးများအဖြစ် သိန်း(၅၀၀၀)(၁)ဆု၊သိန်း(၁၀၀၀)(၁)ဆုတို့ပါဝင်ပြီးကျပ်သိန်း(၅၀၀)နှင့်အခြားဆုမဲများစွာကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ထီသိန်း(၅၀၀၀)ဆု #နေပြည်တော်စာရင်းစစ်ရုံးမှဝန်ထမ်း #ထူးထူးခြားခြားကံထူးသွား
#YMG #Yangon_Media_Group