#Local_News
Published-2 June2022

 

ရန်ကုန်မြို့ ကန်တော်ကြီးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦး  အရက်ပျံ သောက်ပြီး မိမိကိုယ်ကို သတ်​သေရန်ကြိုးစားခဲ့၍ စိုးရိမ်ရသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ဒီဃာယုက လူမှုကူညီရေးအသင်းက သိရသည်။

ကန်တော်ကြီး ပန်းကန်လုံးကျွန်းတွင် ဇွန်လ ၁ ရက်နေ့ ညနေ ၃နာရီ၄၅မိနစ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အရက်ပျံသောက်၍  မိမိကိုယ်ကိုသတ်သေရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်မှသတင်းပေးလာ၍ ဒီဃာယုက လူမှုကူညီရေးအသင်းက  သွားရောက်ကူညီပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့သတင်းပိုခဲ့ကြောင်းလည်းသိရသည်။

အဆိုပါအမျိုးသမီးမှာအသက်အန္တရာယ် စိုးရိမ်ရ၍  ဂျပန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

#ymg/BM
#Local_News #ကန်တော်ကြီး #ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအရက်ပျံသောက် #သတ်သေရန်ကြိုးစား #စိုးရိမ်ရသည့်အခြေအနေရှိ
#YMG #Yangon_Media_Group