#Local_News
Published_ 26 May 2023

အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်တွင်းသုံးစွဲရန်တင်သွင်းသည် လျှပ်စစ်သုံး EV ဆိုင်ကယ်များရောက်ရှိလာခြင်း ဖြစ်သည်။



တရုတ်နိုင်ငံထုတ် Wuyang Honda အမျိုးအစား လျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် (၁၉၂) စီး ရန်ကုန်ဆိပ်ကမ်းကတဆင့်တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX Myanmar Co., Ltd. မှ တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။

 

ယင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည်။

 

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးကားနှင့်မော်တော်ဆိုင်ကယ်များကို ယခုဘဏ္ဏာနှစ်အကုန်အထိ အခွန်ကင်းလွတ်ခွင့်များပေးအပ်ထားရာ ကုမ္ပဏီသုံဆယ်ကျော်မှ တာဝန်ယူတင်သွင်းနေကြောင်းသက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

 

#ymg/ppk #Local_News #EVမော်တော်ဆိုင်ကယ်ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
#YMG #Yangon_Media_Group