#Local_News
Published_ 26 May 2023


မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ဗန်းမော်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ(ဗန်းမော်ဆရာတော်)ကြီးသည်သာသနာတော်နှစ် (၂၅၆၇)ခု ခရစ်နှစ်မေလ(၂၅)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ခု နယုန်လဆန်း ၇ ရက်နေ့ (ကြာသပတေးနေ့) ည(၁၁နာရီ၁၁မိနစ်)အချိန်တွင်ဘဝနတ်ထံသို့ပျံလွန်တော်မူရှာကြောင်း သာသနာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

ဘဝနတ်ထံပျံလွန်တော်မူချိန်တွင် သက်တော်(၉၄) နှစ် သိက္ခာတော်(၇၄)ဝါရှိပြီဖြစ်ပြီး မန္တလေးမြို့၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်၊၊

 

ဆရာတော်ကြီးဘဝနတ်ထံပျံလွန်တော်မူ၍ တစ်နိုင်ငံလုံးရှိတပည့်၊ ဒါယကာအပေါင်းမှ ဝမ်းနည်းကြေကွဲ ယူကြုန်းမရဖြစ်ကာ ရွှေတောင်ကြီးပြိုကျသလိုခံစားရကြောင်း လူမှုကွန်ရက်စာမျက်နှာထက်များပေါ်တွင် ဖော်ပြထားကြသည်၊၊

 

နိုင်ငံတော်ဗဟိုသံဃာ့မဟာနာယကဥက္ကဋ္ဌ ဒေါက်တာကုမာရာဘိဝံသ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးသည် ဘဝနတ်ထံပျံလွန်တော်မမူခင် မတ်လ(၂၅)ရက်မှဧပြီလ(၈)ရက်အထိ(၁၄)ရက်တိုင်တိုင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ၌မျက်စိကုသခံယူခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိခဲ့ပြီး မေလ(၂၅)ရက်ညပိုင်းတွင်ဘဝနတ်ထံပျံလွန်တော်မူကြောင်းသိရသည်၊၊

 

#ymg/tthl #ဗန်းမော်ဆရာတော်ဘုရားကြီး #ဘဝနတ်ထံ ပျံလွန်တော်မူ
#YMG #Yangon_Media_Group