#Local_News
Published_ 19 May 2023

ယနေ့ နံနက်ပိုင်း မြောက်ဥက္ကလာပက မီးလောင်မှု Level 2 အဆင့်မီး ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကသိရသည်။

ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ စက်မှုဇုန်ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုကို Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၄၄ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါသည်။

လက်ရှိမှာတော့ မီးလောင်တဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူးလို့မီးသတ်တပ်ဖွဲ့မှသိရသည်။
ymg/ppk
#Local_News #မြောက်ဥက္ကလာပကမီးလောင်မှု #Level2အဆင့်မီးငြိမ်းသတ်ခဲ့
#YMG #Yangon_Media_Group