#Local_News
Published_ 19 May 2023

မုန်တိုင်းသင့်ပြည်သူများအတွက် တပ်မတော်(ကြေး၊ရေ၊လေ)နှင့်အလှူရှင်များမှလှူဒါန်းထားသည့်ထောက်ပံ့ရေးပစ္စည်းများကိုတပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့်ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်၊၊

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့်ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့်ကူညီပို့ဆောင်ပေးလျက်ရှိသည်ဟုဆိုသည်၊၊

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအားလိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World bank မိုးကာလိတ် ၆၀ လိတ်၊ World bank (5.5mx6m) မိုးကာစ ၅၀ ခု၊ World bankမိုးကာတဲ ၉ လုံး၊ စင်ကာပူ မိုးကာတဲ ၃၀ လုံး၊ ကျားဝတ်လုံချည် ၁၀၀၀ ထည်၊မဝတ်လုံချည် ၁၀၀၀ ထည်၊ တီရှပ် ၂၀၀၀ ထည်၊ စောင် ၁၀၀၀ ထည်၊ တဘက်၁၀၀၀ ထည်၊ ခြင်ထောင် ၁၀၀၀ ထည်၊ ဆပ်ပြာ ၁၀၀၀ တောင့်၊ ကလေး(ကျား)ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီ ၂ဝ လုံး၊ ဓာတ်ဆီ ၅ လုံး စုစုပေါင်း ၁ဝ တန်တို့အားရေချမ်းပြင်ချောင်းဝအနီးမှ တင်ဆောင်ပြီး ရသေ့တောင်သို့ ပို့ဆောင် ပေးရန် ထွက်ခွာပို့ဆောင်ကူညီခဲ့သည်။

အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသန့်စက်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၈ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂စည်း စုစုပေါင်း ၁၇.၅ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုး ရေယာဉ် ၁ စီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသယ်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၇ ထုပ်၊ မိုးကာတန်း ၂၅စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၅ တန်တို့အားလည်းကောင်း စစ်တွေမြို့၌တင်ဆောင်ထွက်ခွာလာပြီး ရေချမ်းပြင်မှတစ်ဆင့် ၂၉ မီတာ ကမ်းထိုး ရေယာဉ် ၁စီးနှင့်အတူ ရသေ့တောင်သို့ ပို့ဆောင်ပေးရန် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်၊၊

မေလ(၁၈)ရက်တွင်သဘာဝဘေးဒဏ်သင့် ဒေသထိုသို့ ပို့ဆောင်ပေးလျက်ရှိရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးရန်ကုန်တိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များပါဝင်သည့် အင်အား ၂၈ ဦးနှင့်အိမ်သာခွက်များ၊ အိမ်သာပိုက်များ၊ ငါးခြောက်ကြော်များ၊ ခေါက်ဆွဲခြောက်များ၊ အာလူးများ၊ ဘီစကစ်မုန့်များ၊ ကြက်သားဘူးများ၊ ငါးသေတ္တာဘူးများ၊ ဝက်/ကြက်အူချောင်းထုပ်များ၊ မိုးကာလိပ်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးပစ္စည်းများ၊ MPT ဆက်သွယ်ရေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၃ ခေါက်ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့်ရောက်ရှိလာသော ပစ္စည်းများကိုတာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #မုန်တိုင်းသင့်ပြည်သူများ #ထောက်ပံ့ရေးပစ္စည်းများ #တပ်မတော်လေယာဉ် #ရဟတ်ယာဉ်များ #ကူညီပို့ဆောင်
#YMG #Yangon_Media_Group