Published 18 May 2023

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများကို ဒေသတွင်းနိုင်ငံများထဲတွင် ပထမဦးဆုံးအဖြစ်ပေးအပ်ခဲ့ပြီး ဆက်လက်ကူညီဦးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး  အက်စ် ဂျေးရှန်ကာက ယနေ့ မေလ ၁၈ ရက်နေ့မှာ တွစ်တာတွင် ရေးသားခဲ့ပါတယ်။

“ ဆိုင်ကလုံး မိုခါ ရဲ့ အကျိုးဆက်ခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် အိန္ဒိယနိုင်ငံဟာ မိတ်ဆွေအနေနှင့် ကရုဏာစစ်ဆင်ရေး Operation Karuna အဖြစ် ကူညီမှုတွေ ပြုလုပ်ဆောင်ရွက်နေပါပြီ။ ပြန်လည်ထူထောင်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ အိန္ဒိယရေတပ်စစ်သင်္ဘော (၃)စီးဟာ ဒီကနေ့ ရန်ကုန်ကိုရောက်ရှိလာပါပြီ။ စတုတ္ထမြောက်သင်္ဘောဟာ မနက်ဖန်ဆိုက်ကပ်ပါလိမ့်မယ်။ သင်္ဘောတွေဟာ အရေးပေါ် အစားအသောက်တွေ၊တဲတွေ၊မရှိမဖြစ်ဆေးဝါးတွေ၊ရေပန့်တွေ၊ အပေါ့သုံးမီးစက်တွေ၊အဝတ်အထည်တွေ၊  တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေစသဖြင့် သယ်ဆောင်လာပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာရေးခဲ့ပြီး ပုံတွေပါတင်ခဲ့ပါတယ်။

Source: twitter

#YangonMediaGroup

#မိုခါဆိုင်ကလုန်း

#မြန်မာ_မိုခါမုန်တိုင်း