#Local_News
Published-1 April 2023

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ နယ်အတွင်း သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

မတ်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က သံကူကွန်ကရစ်အမျိုးအစားတံတားများ ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂ဝ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတား နှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတား တို့ မိုင်းထောင်ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ် ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ် များဖြတ်သန်းသွားလာ၍ မရကြောင်း၊ယခုအခါ အဆိုပါ ပြစ်မှုကို ကျူးလွန်သူများအား ဖမ်းမိရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ymg/mt
#ဖြူးမြို့နယ် #သံကူကွန်ကရစ်ချောင်းကူးတံတား #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group