#Local_News
Published_ 1 April 2023

 

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘုန်းကြီးကျောင်းဓမ္မာရုံရေစက်ချပွဲမှ ပြန်လာသည့်ကား မိုင်းခွဲခံရ၍ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

မတ်လ ၃၁ ရက်က လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၈၀၀ ခန့်အကွာ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဝဲဘက် ၁၅ ပေခန့်အကွာ၌ လက်လုပ်အဝေးထိန်းမိုင်း တစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အရပ်သားတစ်ဦးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

 

နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ ဘုန်းကြီးကျောင်းဓမ္မာရုံရေစက်ချပွဲမှ မင်းဘူးမြို့သို့ ပြန်လည်မောင်းနှင်လာသော ဂီတစက်ဝိုင်းတေးဂီတအဖွဲ့သား ၁၀ ဦး လိုက်ပါလာသည့် Super Custom အမျိုးအစားယာဉ်သည် လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့် အကွာသို့ရောက်ရှိချိန် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ဇွန်ဇင်ဇင်ထွန်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းကြောင့် ဒဏ်ရာရသူအား နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ymg/mt
#ဘုန်းကြီးကျောင်း #ဓမ္မာရုံရေစက်ချပွဲ #မိုင်းခွဲခံရ
#YMG #Yangon_Media_Group