#LocalNews

Published 30 March 2023

ရာသီဥတုပူ၍ ရေဆင်းကူးရာမှ ဘီလူးချောင်းအတွင်း လူငယ်တစ်ဦးရေနစ်သေဆုံးသွားကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်၊၊

မတ်လ(၂၉)ရက်က ဒေါနိုးကူးတံတား(ဘီလူးချောင်း)တွင် သူငယ်ချင်းများဖြင့်ရေဆင်းကူးရာမှ အသက်(၁၅)နှစ်အရွယ်ရှိ မောင်အောင်ဘုန်းမြင့် ရေနစ်ပျောက်ဆုံးသွားခဲ့သည်၊၊

မတ်လ(၃၀)ရက်တွင် ရုပ်အလောင်း ပြန်လည်ရှာတွေ့ခဲ့ကြောင်းကို" ဖြစ်သွားတာကမနေ့က သူငယ်ချင်းတွေနဲ့ရေလာချိုးရင်းဖြစ်သွားတာ၊ဝိုင်းရှာကြတယ်၊၊ ဖြစ်သွားတဲ့နေရာနဲ့သိပ်မဝေးတဲ့နေရာမှာပဲဒီနေ့သူ့(ရုပ်အလောင်း)ကိုပြန်ရှာတွေ့ခဲ့တယ်၊၊

ဘီလူးချောင်းမှာတော့ နှစ်စဉ်ရေနစ်သေဆုံးသူများ ရှိပါတယ်ခင်ဗျ"ဟု ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြခဲ့သည်၊၊

မောင်အောင်ဘုန်းမြင့် အသက်၁၅နှစ် ၏ အလောင်းကိုရှာဖွေတွေရှိခဲ့ပြီး လွိုင်ကော်ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှသိရသည်၊၊
ymg/tthl
#ရာသီဥတု #ဘီလူးချောင်း #ရေနစ်
#YMG #Yangon_Media_Group