#LocalNews

Published 30 March 2023

မတ်လ ၃၀ ရက်နေ့ မနက်၉ နာရီဝန်းကျင်ခန့်က ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၊ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းအဆင်းတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးဘရိတ်ပေါက်ကာ အခြားကုန်တင်ကားနှစ်စီးအား ဝင်တိုက်မူဖြစ်ပွားခဲ့ကြောင်း ကမ်းလင့်လက်များလူမူကူညီရေးအသင်းမှသိရသည်။

ယာဉ်တိုက်မူကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းတစ်ဦးသာရှိကြောင်း အဆိုပါအသင်းတာဝန်ခံက YMG ကိုပြောသည်။

ယာဉ်တိုက်မူဖြစ်ပွားခဲ့သည့် ကုန်တင်ကားဟာ ကျောက်မီးသွေးများသယ်ဆောင်လာသည့် ကားဖြစ်ပြီး ဂုတ်တွင်းအဆင်း ကျော်မဲရေကန်အောက်ကွေ့တွင် ဘရိတ်ပေါက်ကာ လမ်းပေါ်ရှိအခြားကုန်တင်ကားနှစ်စီးကြားသို့ရောက်ရှိပြီး သုံးစီးတိုက်ခဲ့တာဖြစ်ကြောင်းသိရသည်။

ယာဉ်တိုက်မူကြောင့်အဆိုပါဂုတ်တွင်းအဆင်းလမ်းပေါ်တွင် မနက်၉နာရီခန့်ကတည်းက လမ်းပိတ်ဆို့နေပြီး လက်ရှိနေ့လည်၁နာရီခန့် အချိန်အထိ လမ်းမပွင့်သေးသည့်အတွက် ခရီးသွားပြည်သူများ အနေဖြင့် လမ်းရှင်းလင်းပြီးမှ သွားလာကြဖို့ အဆိုပါအသင်းမှသတိပေးထားကြောင်းသိရသည်။
ymg/ynzw
#ကျောက်မဲမြို့နယ် #ကုန်တင်ကား #တိုက်မူဖြစ်ပွား
#YMG #Yangon_Media_Group