#Local_News
Published_ 30 March 2023

ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်တွေကို မူလကပြေးဆွဲပေးနေတဲ့ နေ့ရက်နဲ့အချိန်တွေအစား ပြန်လည်ပြောင်းလဲပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားကနေသိရသည်။

မူလက ရန်ကုန်-ပုဂံ အစုန် ၊ အဆန်ရထားတွေကိုအပတ်စဉ် သောကြာနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးနေရာက ယခုရက်ပိုင်းများကစတင်ပြီး အပတ်စဉ်အင်္ဂါ နဲ့သောကြာနေ့တွေမှာ ပြန်လည် အချိန်ပြောင်းပြေးဆွဲပေးနေကြောင်းသိရသည်။

ရန်ကုန်ကနေ ပုဂံ ကိုပြေးဆွဲပေးနေတဲ့ အမှတ် ၆၁ အဆန်ရထားဟာ ရန်ကုန်ဘူတာမှညနေ၄နာရီ ၁၅မိနစ်မှာထွက်ခွာပြီး ပုဂံဘူတာကိုနောက်နေ့မွန်းတည့် ၁၂နာရီတွင် ရောက်ရှိမှာဖြစ်ကာ ပုဂံကနေ ရန်ကုန်ကို ပြန်ထွက်မယ့်အမှတ် ၆၂ အစုန်အမြန်ရထားက ပုဂံဘူတာကနေ ညနေ၄နာရီ၁၅မိနစ်မှာထွက်ခွာပြီး ရန်ကုန်ဘူတာကို နောက်တနေ့မွန်းတည့် ၁၂နာရီမှာရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

လမ်းခရီးမှာ ဘူတာ၂၃ဘူတာ ရပ်တန့်မှာဖြစ်ပြီး သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊လေးအိမ်၊သာမြှား ၊ ပင်ချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည်ဘူတာ များဖြစ်သည်။

ymg/ppk
#Yangon-Media-Group