#Local_News
Published_ 29 March 2023

 

မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်နားထားမှုကြောင့် လမ်းတွင်ပိတ်မိနေသည့် ကုန်ကားများသည် နီးစပ်ရာမြို့များတွင် ရောင်းချနေရကြောင်း ကုန်သည်များထံမှ သိရသည်။

 

“ လက်ရှိအခြေအနေကတော့ မြင်တဲ့အတိုင်းပဲ၊ ဟိုဘက်ကိုလည်း သွားလို့မရတော့ဘူး၊ သွားလက်စကားတွေကလည်း ညောင်ခါးရှည်မှာတင်ပိတ်မိနေတော့ ဒီဘက်ကို ပြန်သယ်လာကြတယ်၊ တချို့ကျတော့ မော်လမြိုင်တို့ အစရှိတဲ့ နီးစပ်ရာမြို့နယ်တွေမှာ အဆင်ပြေသလို ရောင်းချရတယ်”ဟု ထိုင်းနိုင်ငံသို့တင်ပို့သည့် ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

 

မြဝတီကုန်သွယ်ရေးဂိတ်တွင် ပြီးခဲ့သည့် မတ်လ (၂၅) ရက် နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး ကုန်သွယ်ရေးဂိတ်အချို့ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အတွက် ကုန်သွယ်မှုရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာ-ထိုင်းကုန်သွယ်မှုတွင် မြဝတီနယ်စပ်ဂိတ်သည် ကုန်သွယ်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေခြင်း ဖြစ်သည်။

 

မြဝတီကုန်သွယ်ရေးဇုန်သည် လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး လူထိခိုက်/သေဆုံးမှုများလည်း ရှိခဲ့ခြင်းဖြစ်သည်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ပုံမှန်အတိုင်းကားအဝင်ရှိနေသော်လည်းနယ်စပ်ကိုပို့မရသည့်ကားများမှာရန်ကုန်တွင်ကုန်ရောင်းငွေချေပြုလုပ်နေရကြောင်းလက်တလောတိုက်ပွဲများကြောင့် မြဝတီလမ်းကြောင်းခေတ္တပိတ်ထားရကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

 

#ymg/ppk #Local_News #မြဝတီနယ်စပ် #နီးစပ်ရာမြို့များ
#YMG #Yangon-Media-Group