Published 27 March 2023

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဦးဆောင်တဲ့  တပ်မတော်(ကြည်းရေလေ)မိသားစုတွေက ယနေ့ မတ်လ ၂၇ရက်နေ့၊( ၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဂါရဝပြုကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။

တပ်မတော်အငြိမ်းစားအရာရှိကြီးတွေဟာ မိမိတို့၏ မိဘဆရာတွေဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြု ကန်တော့လျက်ရှိပါကြောင်း၊ ၊ဗုဒ္ဓဘာသာအစဉ်အလာ နှင့်အညီယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့်ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်း တစ်ခုပင်ဖြစ်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂါရဝပြုစကားပြောကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။

အခမ်းအနားတွင် ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများ ကိုယ်စားနိုင်ငံတော်သမ္မတ(ငြိမ်း) ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က ဩဝါ ဒစကားများပြန်လည်ပြောကြားခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl

#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#၇၈နှစ်မြောက်တပ်မတော်နေ့

#YangonMediaGroup