#LocalNews
Published_ 27 March 2023

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ၂၂ ဦး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မတ်လ ၂၇ ရက်တွင် ရဲဗလတံဆိပ် ချီးမြှင့်လိုက်ကြောင်းနစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ကြောင်းနှင့် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်)နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(ရဲဗလတံဆိပ်)တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်တိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ကို)ကို ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ကြီးတစ်ဦး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(ရဲဗလတံဆိပ်)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးတစ်ဦး၊ရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး၊မီးသတ်ဦးစီးဌာန ဦးစီးအရာရှိတစ်ဦး အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ၂၁ ဦး ၊ပဲခူးတိုင်းဒေသကြီးမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး တစ်ဦး၊ကာကွယ်ရေးဝန်ကြီးဌာနမှ ၁၀ ဦးတို့အား ချီးမြှင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ymg/mt
#Yangon_Media_Group