Published 26 March 2023

မြဝတီကုန်သွယ်ရေးဇုန်အား  မတ်လ (၂၅)ရက်က KKO (ခွဲထွက်)အဖွဲ့နှင့် PDFအဖွဲ့တို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့သေဆုံးခဲ့ကြကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင်KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ထိုကဲ့သို့ လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ကျဆုံးဒဏ်ရာများ  ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦ နှင့် X- Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရှိရပါတယ်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl

#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရ

#KKO (ခွဲထွက်)အဖွဲ့နှင့် PDF 

#YangonMediaGroup