#LocalNews
Published_ 21 March 2023

ဂျာမနီနိုင်ငံတွင် ပညာသင်ကြားရန်စိတ်ဝင်စားသူများ(သို့မဟုတ်)ဂျာမန်ဘာသာစကားလေ့လာချင်နေသူများအတွက် Goethe-Institut Myanmarက Edu Fairပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်၊၊

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် Edu Fairပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး မတ်လ(၂၁)ရက်နှင့်(၂၂) ရက်တွင် မန္တလေးမြို့၊ Hotel Mandalay ၌ Edu Fairပွဲကျင်းပပြုလုပ်လျက်ရှိသည်ဟုဆိုသည်၊၊

မတ်လ(၂၅)ရက်နှင့်(၂၆) ရက်တွင် ရန်ကုန်မြို့၊ Sule Shangri La Hotel ၌ Edu Fairပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပွဲတွင် ဂျာမနီတွင်ပညာသင်ကြားရန် သို့မဟုတ် ဂျာမန်ဘာသာစကားသင်တန်းများတက်ရောက်ရန် အခွင့်အလမ်းများကို စူးစမ်းလေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်၊၊

ဒါ့အပြင် စိတ်လှုပ်ရှားစရာကောင်းသည့် ဉာဏ်စမ်း မေးခွန်းလေးတွေကိုဖြေပြီး ဆုလက်ဆောင်များကံစမ်းနိုင်မည့်အခွင့်အရေးကိုလည်းရနိုင်မည်ဖြစ်သည်ဟုဆိုသည်၊၊

မန္တလေးမြို့ Edu Fairပွဲတွင်ဆုလက်ဆောင်များအဖြစ်ပထမဆု - Goethe-Institut မြန်မာတွင် ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်ခွင့်၊ဒုတိယဆု - Staycation at Hotel Mandalay၊တတိယဆု - Goethe မှအမှတ်တရဆုလက်ဆောင်ပစ္စည်းအိတ်တို့ရရှိမည်ဖြစ်သည်၊၊

ရန်ကုန်မြို့ Edu Fairပွဲတွင်ဆုလက်ဆောင်များအဖြစ်ပထမဆု - Goethe-Institut မြန်မာတွင် ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်ခွင့်၊ဒုတိယဆု - Goethe Café မှ တစ်သိန်းတန် ဘောင်ချာ၊တတိယဆု - Goethe မှအမှတ်တရဆုလက်ဆောင်ပစ္စည်းအိတ်တို့ရရှိမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group