#LocalNews
Published_ 20 March 2023

ဂျပန်ဖိတ်ခေါ် ယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုကို (၄)ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။

ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊အိုကီနာဝါမြို့တွင် မတ်လ ၂၀ ရက်က မြန်မာ ယူ - ၁၇အမျိုး သမီးလက်ရွေးစင်အသင်းနှင့် လာအို ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းအတွက် အနိုင်ဂိုးများအဖြစ် ပထမပိုင်းတွင် (၃)ဂိုး၊ ဒုတိယပိုင်းတွင် (၁)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် မနက်ဖြန် မတ်လ ၂၁ ရက်တွင် အဆင့်(၅) နေရာအတွက် ဂျပန်ကလပ် အိုကီနာဝါအသင်းနှင့် ယှဉ်ပြိင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group