#LocalNews
Published_ 20 March 2023

အာဆီယံဒေသတွင်းနိုင်ငံများတွင်တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၏ အမည်များကိုအများပြည်သူသိရှိစေရန် အသိပေးကြေငြာသည့်စာရင်းများကို ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အနေ ဖြင့်၂၀၂၃ခုနှစ်ဖေဖော်ဝါရီ(၈)ရက်တွင်စစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ရှိသည့်အတွက် အများပြည်သူသိအောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု စားသုံးသူဦးစီးဌာန၌ဖော်ပြထားသည်၊၊

ယင်းအလှကုန်ပစ္စည်းအများစုသည် မလေးရှား၊အင်ဒိုနီးရှား၊ထိုင်း၊ဘရူနိုင်း၊စင်ကာပူစသည့်နိုင်ငံများတွင်တွေ့ရသောအလှကုန်များဖြစ်ပြီး မာကျူရီအပါအဝင် ဘေးမကင်းသည့်အရာများပါဝင်သောကြောင့် သုံးစွဲရန်မသင့်ကြောင်းမြန်မာFDAမှထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်၊၊

ymg/tthl
#Yangon_Media_Group