#LocalNews
Published_ 19 March 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ရန်ကုန်ဘူတာကြီးနှင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တို့တွင် တည်ဆောက်ကြသည့် EV Charging Station များကို ယနေ့ မတ်လ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ပထမဦးဆုံး Charging Station အဖြစ် ရန်ကုန်ဘူတာကြီးတွင် စတင်ဖွင့်လှစ်ခဲ့ကာ ယင်းကို Essential Motors Myanmar ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်း Charging Station ရှိ လျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

ယင်းနောက် Asia Pacitic AutoMaker Corporation က တည်ဆောက်သော သီရိမင်္ဂလာဈေးသစ် မှ EV Charging Station ကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ Charging Station တွင် လျှပ်စစ်ကားများ အားသွင်းမည်ဆိုပါက တစ်ယူနစ်ကို ၄၀၀ ကျပ် ကျသင့်မည်ဖြစ်သောကြောင့် လျှပ်စစ်ကားတစ်စီးအတွက် အားအပြည့်သွင်းမည်ဆိုပါက ၃၂၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

လျှပ်စစ်ကားများအတွက် နောက်ထပ် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် Charging Station များအနက် ကျန်ရှိနေသေးသည့် အလုံသခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတို့ မှ Charging Station များကို မနက်ဖြန် မတ်လ ၂၀ ရက်နှင့် ၂၅ ရက်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လျှပ်စစ်ကား Charging Station ကို နေပြည်တော်၊ သပြေကုန်းဈေး၌ မတ်လ ၄ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

 

ymg/mt
#Yangon_Media_Group