#Local_News
Published- 18 March 2023

 

မတ်လ ၁၇ ရက်နေ့ည ၉ နာရီခန့်က TOYOTA Belta(အနက်ရောင်)ကားသည် မောင်းနှင်လာစဉ် ဝါယာရှော့ခ်ဖြစ်၍ ရန်ကင်းမြို့နယ်၊အမှတ်(၁၄) ရပ်ကွက်၊ ကျောက်ကုန်းလမ်းအရောက် မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

 

ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်သွာခြင်းဖြစ်ကြောင်း၊ မီးလောင်တဲ့သတင်းကြားချိန်မှာသွားပြီးငြှိမ်းတဲ့အခါ ကားမောင်းတဲ့လူတစ်ယောက်ကိုပဲတွေ့ရပြီး ထိခိုက်ဒါဏ်ရာမရဘူးဟု မေတ္တာအလင်းလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်မေတ္တာအလင်းလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၅၂ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

 

ဝါယာရှော့ခ်ကြောင့် ကား၏ ၉၀ ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးသွားပြီး သက်ဆိုင်ရာအကူအညီနဲ့ မီးလောင်သွားသည်ကားကိုဖယ်ရှားပေးလိုက်ကြောင်း သိရသည်။

 

#ymg/ppk #Local_News #ရန်ကင်း #ကားမီးလောင် #YMG
#Yangon_Media_Group