#Local_News
Published-17 March 2023

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းရှိ နေအိမ်တစ်လုံးတွင် မြေအဘွား နှစ်ဦးတည်းရှိချိန် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းက သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၇ရက် နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်က အခြားမိသားစုဝင်များ အလုပ်သွားစဉ် နေအိမ်၌ မြေးအဘွား ၂ယောက်တည်းရှိနေချိန် မီးလောင်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

 

"မီးလောင်တဲ့အချိန်က အိမ်မှာရှိတဲ့ မိသားစုဝင်တွေက အလုပ်သွားကြတာ။ မြေးအဘွား ၂ယောက်တည်းရှိတဲ့အချိန်ပေါ့။ မီးလောင်တော့ မြေးအဘွား ၂ ယောက်ကို ဘေးအိမ်တွေကခေါ်ထားတယ်"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက သိရသည်။

 

မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့၍ နံနက် ၁၁နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ပြီး ယင်းမီးလောင်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းလည်း သိရသည်။

 

#ymg/tthl #Local_News #မရမ်းကုန်း #နေအိမ်မီးလောင်မှု #ဒဏ်ရာရရှိ #YMG #Yangon-Media-Group