#Local_News
Published_ 17 March 2023

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုချက်ထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ(၂၀)ကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း သိရသည်၊၊

 

Myanmar National Airlineကုမ္ပဏီ၏ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်အပါအဝင် စုစုပေါင်းကုမ္ပဏီ(၂၀)၏ လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်၊၊

 

အဆိုပါကုမ္ပဏီ(၂၀)သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ မတ်လ(၁၄)ရက်မှစပြီး လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

#ymg/tthl #Local_News #MNA #Money Changer #လိုင်စင်များရုပ်သိမ်း #YMG #Yangon_Media_Group