#Local_News
Published-15 March 2023

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၅ ဦးကို မတ်လ ၁၄ ရက် တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

ယင်းတို့မှာ ကုန်ထုတ်လုပ်သားသစ်အတွက် ၂၉ဦး၊ CBT ကုန်ထုတ်လုပ်သား အတွက် ၃ဦး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သားသစ်အတွက် ၅၅ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ်အတွက် ၂၈ဦး စုစုပေါင်း ၁၁၅ ဦးဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည် ဆောက်ရေးလုပ်ငန်းများတွင် မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် Samsung Heavy Industries တွင်လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ဦး ကို E-7-3 ဗီဇာဖြင့်ကို စေလွှတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြန်မာအလုပ်သမားများ အနေဖြင့် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ဆိုးလ်မြို့ရှိကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံရုံး မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်း၊လိုအပ်သည်များကို ကူညီပံ့ပိုးပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း မြန်မာသံရုံး က ထုတ်ပြန်ထားသည်။

 

#ymg/mt #Local_News #EPS #ကိုရီးယားနိုင်ငံ
#YMG #Yangon-Media-Group