#Local_News
Published_ 1 March 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖောက်ခွဲမှု ပြုလုပ်ရန် လာသူနှစ်ဦးကို ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၆ နာရီကျော်အချိန်က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။

 

လေဆိပ်အဝင်လမ်း၊ ဆယ်မိုင်ကုန်း သံပန်းစစ်ဆေးရေးဂိတ်တွင် Hijet ကားဖြင့်လိုက်ပါလာသည့် အမျိုးသား ၂ ဦးကို လုံခြုံရေးတပ်ဖွဲက မသင်္ကာသဖြင့် စစ်ဆေးရန် ယာဉ်ပေါ်မှဆင်းခိုင်းရာ အဆိုပါအမျိုးသား ၂ ဦးက အပြာရောင်ကျောပိုးအိတ်ကိုပစ်ချပြီး ကားပေါ်မှခုန်ဆင်းထွက်ပြေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ကလိုက်လံဖမ်းဆီးစဉ် အထင်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပစ်ချခဲ့သောအိတ်ကို စစ်ဆေးရာ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းသုံးလုံးနှင့် ကော်ဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး စုစုပေါင်းငါးလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။

 

#ymg/mt #Local_News #Yangon_air_port #ရန်ကုန် #အပြည်ပြည်ဆိုင်ရာလေဆိပ် #မင်္ဂလာဒုံမြို့နယ် #ဖောက်ခွဲမှု #YMG #Yangon_Media_Group