#Local_News
Published-22 February 2023

 

ကွယ်လွန်သွားကြပြီ ဖြစ်သော ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုးနှင့် အကယ်ဒမီ ဇင်မာဦးတို့ ဇနီးမောင်နှံတို့၏ ရင်သွေးများအား သီဟတင်စိုး၏ ညီမအရင်းဖြစ်သူ ခင်စံပါယ်ဦးက စောင့်ရှောက်မည်ဖြစ်ကြောင်း သိရသည်။

 

ခင်စံပါယ်ဦးက သူ၏ ခင်ပွန်းဖြစ်သူ Ayarwady Lu Min (Lu Minn) facebook လူမှုကွန်ရင်ကတစ်ဆင့် အထက်ပါအတိုင်း ရေးသားထားခြင်းလည်း ဖြစ်သည်။

 

"ကိုညာဆုံးတာ ၄ လမပြည့်သေးဘူးကိုကြီးရေ၊ အကိုတွေထဲမှာသဘောအကောင်းဆုံး၊ မဇင်မာမဆုံးခင်က သမီးကို ကလေးတွေကိုအပ်သွားတယ်၊ အမေ့ကိုလည်း သမီးကနေတစ်ဆင့်တောင်းပန်ကန်တော့သွားတယ်၊ အမေက ကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့၊ သမီးလေးစပယ်ဖူးငုံဦးက မဇင်မာမရှိတော့ကတည်းက သမီးတို့အိမ်မှာပဲနေတာ။ အခုတော့သူ့သမီးလေးကို စိတ်ချထားသွားခဲ့ပြီ၊ ကလေး၂ယောက်ကို သမီးတို့အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ် ကိုကြီးရေ၊ အေးချမ်းတဲ့ဘုံဘဝကို စိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်"ဟု ရေးသားထားခြင်း ဖြစ်သည်။

 

သီဟတင်စိုးသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက နှလုံးရောဂါဖြင့် သင်္ကန်းကျွန်း စံပြဆေးရုံအသွား ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး အသက် ၅၇ နှစ်အရွယ်ရှိပြီ ဖြစ်ကာ သူ၏ ဇနီးဖြစ်သူ အကယ်ဒမီ သရုပ်ဆောင်ဇင်မာဦးက လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင်အဆုတ်ကင်ဆာရောဂါဖြင့် အသက် ၅၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယင်းတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

 

သီဟတင်စိုး၏ ဈာပနာကို ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ (၂) နာရီအချိန် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt #Myanmar_Actor #YMG
#Yangon_Media_Group