#Local_News
Published_ 9 February 2023

 

ထိုင်းနိုင်ငံအတွင်း အထောက်အထားမမှန်ဘဲ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား (၃၀)ဦး ကို ထိုင်းအာဏာပိုင်းများက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

 

ယင်းတို့မှာ ထိုင်းနိုင်ငံ၊ လယောင်ခရိုင်၊ ပလွှက်ဒန်င်မြို့နယ်၊ မာ့ယန်ဖော်ကျေးရွာရှိ စက်ရုံသုံးရုံ၌ တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြောင်း သတင်းအရ ထိုင်းအာဏာပိုင်များက သတင်းအရ ရှောင်တခင် စစ်ဆေးစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အလုပ်သမားများ၏ အထောက်အထားများကို စစ်ဆေးရာ အလုပ်ရှင်အဟောင်းမှ အလုပ်ရှင်အသစ်ထံ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြောင်း စာရင်းမရှိသည့် မြန်မာနိုင်ငံသား (၂၅) ဦးနှင့်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိ သည့် မြန်မာအလုပ်သမား (၅) ဦး၊ စုစုပေါင်း (၃၀) ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ယင်း ထိုင်းအလုပ်သမားရေးရာသတင်းလွှာတွင် ဖော်ပြထားသည်။

 

ယခုအခါ ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ရန် ပလွှက်ဒန်င်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း နှင့် ဥပဒေအတိုင်း ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group