#Local_News
Published_ 7 February 2023

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းက လမ်းပေါ်၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ရုပ်အလောင်းများကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းနှင့်(၁၇)လမ်းထိပ်၊ ပန်းချယ်ရီ-ဟိုတယ်အနီးတွင် လမ်းပေါ်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှင့် လမ်းဘေးတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတို့ကိုတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

 

"၂ ယောက်လုံးက ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ ဘယ်သူတွေဆိုတာကို စုံစမ်းနေဆဲပါ"ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြော သည်။

 

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြင်ဦးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်ချက်ရှိကြောင်းသိရသည်။

 

Photo - သန္တိသုခအသင်း
#ymg/mt
#Yangon_Media_Group