#Local_News
Published _7 February 2023

 

မြန်မာ့အကြီးမားဆုံး ငါးမွေးမြူရေးစီမံကိန်းကြီးတစ်ခု ဧရာဝတီတိုင်းအတွင်း တည်ဆောက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

အဆိုပါ စီမံကိန်းကို Global Earth Agro & Aqua Industry Public Co., Ltd က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မိုးကုတ်ဒီးဒုတ်ကွင်းအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

ယင်းစီမံကိန်းတွင်သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီငါးသားဖောက်ခြင်းနှင့် ငါးမွေးမြူခြင်း၊ ကုန်ချောပြုပြင်ထုတ်လုပ်ခြင်း၊ ငါးပေါင်းမှုန့်နှင့် အစာတောင့်ထုတ်လုပ်ခြင်းတို့ပါဝင်သောကြောင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

 

ယခုအခါ သိပ္ပံနည်းကျဖြင့် ငါးတန် အထီး၊ အမ (Breeders) တစ်သိန်း နှစ်သောင်းကို ပြုစုထားရှိပြီး နေ့စဉ်ငါးသားပေါက်(ငါးမှုန်) သိန်း ၄၀ ကောင်ရေကို ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ငါးသန်၊ငါးဖြန်း ကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါးကောင်ရေ သိန်း ၂၅၀ ခန့်အား မွေးမြူထားရှိကြောင်း သိရသည်။

 

သိပ္ပံနည်းကျအဆင့်မြင့် ခေတ်မီငါးမွေးမြူထုတ်လုပ်ခြင်း စီမံကိန်းကြီးသည် ငါးသားပေါက်မွေးမြူသည်မှ ငါးအဆင့်မြင့်ကုန်ချောများ ရရှိသည်အထိ ပါဝင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်သဖြင့်လူဦးရေအမြောက်အမြားကို အလုပ်အကိုင် အခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ် သကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ အကျိုးဖြစ်ပေါ်စေနိုင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group