#Local_News
Published_4 February 2023

 

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့တွင် ဆင်စခန်းတစ်ခုကို ဇန်နဝါရီလ ၂ ရက် နံနက်က ထပ်မံဖွင့်လှစ်ခဲ့သောကြောင့် ယခင်က "တလယ်နယ်ဆင်စခန်း"နှင့်ဆိုပါက သံတွဲမြို့နယ်အတွင်း ဆင်စခန်းနှစ်ခု ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

 

အသစ် ဖွင့်လှစ်လိုက်သည့် ဆင်စခန်းအမည်မှာ "စာနီတောင်"ဆင်စခန်းဖြစ်ပြီး သံတွဲသစ်ထုတ်လုပ်ရေးအနီးတွင် တည်ရှိကာ သံတွဲမြို့ အထွက်၊ ငပလီမြို့နှင့် (၆)မိုင်အကွာ သံတွဲ-ဂွ ကားလမ်းမကြီးဘေး၊ မြေအကျယ် ၄ ဒသမ ၃၆ ဧက ပေါ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဆင်စခန်းဖွင့်ချိန်မှာ နံနက် ၈ နာရီမှ နံနက် ၁၁ နာရီထိ တစ်ကြိမ်၊ ညနေ ၂ နာရီမှ ညနေ ၄ နာရီထိ တစ်ကြိမ် ပိတ်ရက်မရှိ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက သိရသည်။

 

ပလီကမ်းခြေသို့ အပန်းဖြေ အနားယူရန်လာရောက်သည့် ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များအားအမှီပြု၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတစ်ခုဖွံ့ဖြိုးလာစေရန်ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ဆင်စခန်းသို့လာရောက် အပန်းဖြေအနားယူလိုသူများအနေဖြင့် စခန်းအတွင်းဝင်ကြေး ပြည်တွင်း လူတစ်ဦးလျှင်တစ်ထောင်ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် တစ်သောင်းခွဲကျပ်၊ ဆင်စီးမည့်သူများအတွက် လူတစ်ဦး လျှင် ငါးထောင်ကျပ်၊ ဆင်စာကျွေးလိုသူများ အနေဖြင့် အစာတစ်ဗန်းလျှင် သုံးထောင်ကျပ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group