#Local_News
Published_4 February 2023

သုဝဏ္ဏတံတားအဆင်းတွင် မီးပွိုင့်မိ၍ ရပ်နေသည့် အိမ်စီးကားမောင်းနှင်သူအား အမည်မသိအမျိုးသား (၂) ဦးမှ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းမှ သိရသည်။

 

အဆိုပါဖြစ်စဉ်သည် ယနေ့ ဖေဖော်ဝါရီ (၄) ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

“ကျွန်တော်တို့ဆီကို ကားတိုက်မှုဖြစ်ပြီးတော့ ဓားနဲ့ထိုးသွားတယ်လို့ သိရတာပေါ့။ ရောက်သွားတဲ့အချိန်မှာ ဘေးကလူတွေပြောတဲ့အရပေါ့ ကားတစ်စီးနဲ့လာတယ်၊ ဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်ပေါ့ နှစ်ယောက်ကပေါ့နော်။ အထိုးခံရတဲ့သူကိုလည်း မီးပွိုင့်မှာဈေးရောင်းတယ့်သူတွေက တက္ကစီတစ်စီးကိုအကူအညီတောင်းပြီးစံပြဆေးရုံကို ပိုပေးလိုက်တယ်ပေါ့။ ဒါကဈေးသည်တွေရဲ့ ပြောပြချက်အရ သိရတာပေါ့”ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား (၂) ဦးမှာ အိမ်စီးကား၏သော့အား ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် တာဝန်ရှိသူများမှ ကရိန်းကားဖြင့် အိမ်စီးကားကို ဆွဲသွားခဲ့ရကြောင်း သိရသည်။ လက်ရှိတွင်လည်း ဓားဖြင့်ထိုးခံရသည့် မိသားစုဝင်များနှင့် အဆက်အသွယ်ရပြီဖြစ်ကြောင်း သိရသည်။

crd-Than Htike Aung

#ymg/sth
#Yangon_Media_Group